စာရေးသူ

အားလုံးမြင်နိုင်ရန်
Estera Pirosca Escobar

Estera Pirosca Escobar

အက်စ်တြာ သည် လောကကြီးအတွက် ဝန်တာထားသော နှလုံးသားရှိသည့် ရိုးမေးနီးယားနိုင်ငံသူ ဖြစ်သည်။ ကောလိပ် ကျောင်းသားအဖြစ် အမေရိကန်ပြည်ထောင်စုသို့ သူရောက်ရှိလာခဲ့ပြီး အထီးကျန်မှုနှင့် အိမ်ကိုလွမ်းဆွတ်မှုများ ခံစားခဲ့ ရသည်။ သို့သော် နိုင်ငံတကာမှ လူအသီးသီးကို မေတ္တာပြသည့် ခရစ်ယာန်အသိုင်းအဝန်း၏ မေတ္တာကိုလည်း သူမြည်းစမ်းခဲ့ရသည်။ နိုင်ငံအသီးသီးမှ ကျောင်းသားများစွာ တို့သည် ၎င်းတို့ခံစားရသည့် ဧည့်ဝတ်ကျေပြွန်မှုနှင့် မေတ္တာအားဖြင့် နောက်ဆုံးတွင် သခင်ယေရှု နောက်တော်လိုက်များ ဖြစ်လာသည်ကိုလည်း သူတွေ့မြင်ခဲ့သည်။ အက်စ်တြာသည် International Friendships, Inc. (IFI), အဖွဲ့တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပြီး အမေရိကန်တစ်ဝန်းရှိ IFI မှ အမှုတော်ဆောင်ခေါင်းဆောင်များ ကြံ့ခိုင်ခြင်းရှိရန်၊ ဒေသတွင်း ၎င်းတို့ ဆောင်ရွက်နေသည့် အမှုတော်လုပ်ငန်း ကြီးထွားလာရန်အတွက် မစကူညီ ပေးသည်။ အက်စ်တြာနှင့် သူ့ခင်ပွန်း ချီလီနိုင်ငံသား ဖရန်စစ်တို့သည် မီချီဂန်ပြည်နယ် ဂရန်းရဲပစ်ဒေသတွင် နေထိုင်လျက်ရှိသည်။

စာမူ/ အကြောင်းအရာ များ Estera Pirosca Escobar

သာမန္လူသား

အလွန်ချူချာသော ဝီလီယံ ကယ်ရီ သည် အင်္ဂလန်နိုင်ငံ နော့သမ်တမ်မြို့အနီးတွင် နေထိုင်သော အညတရမိသားစုမှမွေးဖွားလာသူဖြစ်သည်။ သူ၏အနာဂတ်မှာ မရေရာ မသေချာပါ။ သို့သော်ငြားလည်း ဘုရားသခင်က သူအတွက် အစီအစဉ် ရှိထားနှင့်သည်။ ဆိုးရွားသောမပြေလည်မှုများကို ကြံ့ကြံ့ခံပြီး အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်ကာ လူမှုရေးရာများကို အံ့မခမ်း ပြုပြင်ပြောင်းလဲပေးခဲ့ပြီး သမ္မာကျမ်းစာကိုလည်း အိန္ဒိယတိုင်းရင်းသား ဘာသာစကား များစွာသို့ ပြန်ဆိုပေးခဲ့သည်။ သူသည် ဘုရားသခင်ကို ချစ်သည်။ လူသားများကို ချစ်ခင်လေးစားသည်။ ကိုယ်တော်
အတွက် အမှုများစွာကို ပြီးစီးအောင်မြင် ဆောင်ရွက်ပေးခဲ့သည်။

ယေရှဲ၏သား ဒါဝိဒ်သည် မိသားစုတွင် အသက် အငယ်ဆုံးသော သာမန်လူငယ်တစ်ဦးသာဖြစ်ပြီး ဗက်လင် ကုန်းမြင့်ပေါ်တွင် မထင်မရှား သိုးကျောင်းနေသူတစ်ဦးသာ ဖြစ်သည် (၁ရာ ၁၆း၁၁-၁၂)။ သူ၏စိတ်နှလုံးကို ဘုရားသခင် မြင်တော်မူပြီး သူ့အတွက် ကိုယ်တော်၌ အစီအစဉ်ရှိသည်။ ရှောလုမင်းသည် နာခံခြင်းမရှိသည့်အတွက် ဘုရားရှင်…